ငါတို့မြို့ကြီးဖတ်ဖို့ စက်ဘီးတွေအကြာင်း (၃)

1433539989370

ဒီတစ်ခေါက်တော့ ကမ်ပိန်း လေးတစ်ခုအကြောင်း မိတ်ဆက်ပေးချင်ပါတယ်။

များသောအားဖြင့် ကျွန်တော်က စက်ဘီးတွေနဲ့ ပတ်သက်တဲ့အမှုကိစ္စတွေနဲ့ အနေဝေးတဲ့ သူပါ။ ကျွန်တော်က စက်ဘီးကို အရူးအမူး နှစ်သက်စွဲလမ်းတဲ့ သူလည်း မဟုတ်ပြန်ပါဘူး။ ဘာဖြစ်လို့ စက်ဘီးအကြောင်းတွေ ကျွန်တော် ပြောဆိုရေးသားဖြစ်လာတာလဲဆိုတာကတော့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ သာမာန်လူငယ်တစ်ယောက်ရဲ့ ဘဝ အခြေအနကြောင့်လို့ပဲ ဆိုရမှာပါပဲ။ ကျွန်တော့် စက်ဘီးတွေသာမရှိခဲ့ရင် ကျွန်တော့် နေ့စဥ်ဘဝတွေက ပိုခက်ခဲမှာဆိုတာ သတိထားမိပြီးတဲ့နောက် စက်ဘီးတွေအကြောင်း ကျွန်တော် စိတ်ဝင်တစားရှိလာတာပါ။ ကျွန်တော် စိတ်ဝင်စားပုံက ဒီလိုပါ။ စက်ဘီးတွေနဲ့ သာယာတဲ့ မြို့တွေအကြောင်းတွေ၊ စက်ဘီးတွေကြောင့် ပျော်ရွှင်ရတဲ့ နေ့စဥ်ဘဝတွေအကြောင်းပါပဲ။ ဥရောပတခွင်က စက်ဘီးစီးတဲ့မြို့တွေအကြောင်းက ကျွန်တော် ထပ်ပြန်တလဲလဲ စိတ်ကူးယဥ်စေတဲ့ အကြောင်းတွေပေါ့။ စက်ဘီးအမျိုးအစားတွေ၊ စက်ဘီးအားကစား အကြောင်းတွေတော့ ကျွန်တော်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေမဟုတ်ပါဘူး။ ဒီအပြင် ကျွန်တော်လည်း နားမလည်ပါဘူး။

စက်ဘီးလို့ ပြောလိုက်ရင် လူတွေက အားကစားနဲ့ပဲ တွဲမြင်တတ်ကြတာများပါတယ်။ /ဒီကောင်က စက်ဘီး crazy/ လို့ ညွှန်ဆိုမှုရဲ့ အနက်သဘောက သူ စက်ဘီးအားကစားကို ဝါသနာပါတယ် ဒါမှမဟုတ် စက်ဘီးတွေစုရတာ ဝါသနာပါတယ်လို့ အဓိပ္ပါယ်သွားတာ များပါတယ်။ ဒါကြောင့်လဲ ပြီးခဲ့တဲ့ ကျွန်တော့်ရဲ့ အရေးအသားများမှာ Utility Cycling လို့ခေါ်တဲ့ အသုံးချဖို့အတွက် စက်ဘီးစီးခြင်းအကြောင်းတွေ တင်ဆက်ခဲ့ပြီးပါပြီ။

ကမ်ပိန်းလေးတစ်ခုအကြောင်း ပြောပြမယ်လို့ စကားဦးခံခဲ့တာကို ပြန်ဆက်ချင်ပါတယ်။ ဒီကမ်ပိန်းလေးက အမိရိကန်နိုင်ငံ တက်ဆက်ပြည်နယ်က အော်စတင် မြို့လေးမှာ ၂၀၁၄ လောက်က စခဲ့တဲ့ ကမ်ပိန်းလေးပါ။ အဓိက သူတို့ လှုပ်လျားကြတဲ့ ရည်ရွယ်ချက်ကတော့ မြို့ပေါ်က လမ်းတွေပေါ်မှာ ယဥ်အမျိုးမျိုးနဲ့ သွားလာနေသူအချင်းချင်းကြား လူသားဆန်မှုတွေ နိုးကြားလာစေဖို့အတွက်ပါ။ ဒီလို စကားလုံး ကြီးကြီးတွေနဲ့ ပြောလိုက်လို့ ရှုပ်သွားမလားမသိဘူး။ မရှုပ်ရအောင် အောက်မှာ ဆက်လက် တင်ဆက်သွားမှာပါ။

ကမ်ပိန်းနာမည်က we wave တဲ့။ ငါတို့လက်ပြနှုတ်ဆက်ကြတယ် လို့သဘောရမယ် ထင်တာပဲ တိုက်ရိုက်ဆိုရင်တော့။ ကမ်ပိန်းကလဲ အဲ့သဘောပါပဲ ပိတ်ဆို့နေတဲ့ လမ်းတွေမှာ စက်ဘီးစီးတဲ့သူနဲ့ ကားမောင်းတဲ့သူ ကြုံရင် အချင်းချင်း လက်ပြကြ။ ဦးစားပေးစရာရှိရင်လည်း သင့်တော်တဲ့သူကို ဦးစားပေးလိုက်ကြ။ လမ်းလျောက်တဲ့လူနဲ့ ကားမောင်းတဲ့သူနဲ့ လူကူးမျဥ်းကြားမှာ ကြုံရင်လည်း ပြုံးပြီး လက်လေးဘာလေးပြလုပ်ကြ။ အဲ့လို ယဥ်ကျေးမှုလေးတွေကို စတင်တဲ့ကမ်ပိန်းပါ။

လက်ပြ ပြုံပြတဲ့သဘောက –
/အေးဆေးပဲနော် သူငယ်ချင်း/
/အေးဆေးပဲနော် နောင်ကြီး/
/အေးဆေးပဲနော် ညီမလေး/
စတဲ့ လူလူချင်း အပြန်အလှန်ဆက်သွယ်ခြင်းတစ်မျိုးပါပဲ။

လမ်းသွားတဲ့ လူလူချင်း လူသားဆန်ဖို့ကို ကမ်းပိန်းလုပ်ဖို့ လိုတယ် မလိုဘူး ငြင်းခုန်ကြမယ်ဆိုရင်ဖြင့်လည်း ငြင်ခုန်သူတွေ သဘောပါပဲဗျာ။ ကျွန်တော်ကတော့ သူတို့ လုပ်ပုံလုပ်နည်းလေးကို ကြည့်ပြီး သဘောကျနေမိတာပါပဲ။ ကိုယ်က ခပ်မာမာ စဥ်းစားတဲ့ ကောင်ကို။ အရင်တုန်းက လုပ်ခဲ့တာတွေပြန်ကြည့်ရင်လည်း ခပ်မာမာတွေပဲမဟုတ်လား။ မင်းက ကားပဲ ပိုင်တာ မင်းလမ်းကို မပိုင်ဘူး ဟေ့ရောင် ဆိုပြီး ချခဲ့တယ်မဟုတ်လား။ (bikes in ygn ပစ္စည်းတွေကို you own a car , not a road စာသားနဲ့ ပစ္စည်းတွေ ထုတ်ခဲ့သေးတာကို ဆိုလိုတာပါ။) ခုသူတို့များကြတော့ လူသားဆန်လိုက်တာလို့ တွေးပြီး သဘောအကျကြီးကျနေမိတာပါပဲ။ နို့ ကိုယ့် ခပ်မာမာ အတွေးကတော့ မလျော့သေးဘူး ငါတို့ ရန်ကုန်မှာ ကားခေါင်းခန်းက လူကို ပြုံပြပြီး တာ့တာသွားလုပ်ရင် /မင်းဖယ်စမ်း ဒီမှာ ငါနောက်ကျနေရတဲ့အထဲ/ ဆိုတဲ့ အပေါက်မျိုးနဲ့ ပြန်ကြည့်မယ်လူ တွေနဲ့ဆိုတော့ ငါလုပ်တာ မှန်တယ်ပေါ့လို့။

ကဲ စာဖတ်သူတွေအနေနဲ့ဆိုရင်ရင် ဘာလိုများ တွေးမိနေပြီလဲမသိဘူး။ ကျွန်တော်ကတော့် ရန်ကုန်မှာ လူသားဆန်တဲ့ လူတွေ ရှိနေကြတယ်ဆိုတာကိုတော့ ရဲရဲကြီးယုံကြည်နေပါသေးတယ်လို့ ပြောရင်း နှုတ်ဆက်ခဲ့ပါတယ်။

ဆက်လက်ကြိုးစားပါအုံးမယ်
ရင်မောင်

Ref:
1.[WAVE] (http://www.wewave.org/)

Follow me at twitter

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s