ငါတို့မြို့ကြီးဖတ်ဖို့ စက်ဘီးတွေအကြာင်း (၂)

 

20160125-dsc_4079

၂၀ရာစုအစပိုင်းမှ စပြီး စက်ဘီးစီးခြင်းဆိုတာက ဆက်သွယ်သွားလာရေး၏ အဓိကအရေးပါသော အရာတစ်ခုဖြစ်လာခဲ့ပါတယ်။ တစ်ပြိုင်နက်ထဲမှာပဲ အပျော်တမ်း စက်ဘီးစီးခြင်းဟာလည်း အမိရိကန်ပြည်ထောင်စု နှင့် ဥရောပတိုက်တစ်ခွင်မှာ ခေတ်စားလာခဲ့တယ်။ ဒီလိုနဲ့ စက်ဘီးခြင်းဟာ ၂၀ ရာစုအလည်လောက်အရောက်မှာ ဥရောပတိုက်တစ်ခွင်မှာဆိုရင်ဖြင့် တော်တော်လေးအရေးပါတဲ့ အကြောင်းအရာတစ်ခုဖြစ်လာတယ်။ သို့ပေတိ စိတ်မကောင်းစရာအချက်တစ်ချက်ကတော့ အမိရိကန်ပြည်ထောင်စုမှာတော့ ၂၀ရာစုဝင်ပြီး သိပ်မကြာခင်နှစ်များအတွင်း မှာပဲ စက်ဘီးစီးနှုန်းများက သိသိသာသာပြန်ကျဆင်းသွားခဲ့တယ်။ အကြောင်းကတော့ မော်တော်ကားများ အဆမတန်များပြားလာတဲ့ ၁၉၂၀ပြည့်နှစ်လွန်နှစ်များကြောင့်ဖြစ်တယ်။ သို့ပေတိ ဥရောပတစ်ခွင်က လမ်းမများပေါ်မှာတော့ စက်ဘီးများရဲ့ အခန်းကဏ္တ ကတော့ အရေးပါတဲ့ နေရာမှာ ဆက်လက်ရှိနေခဲ့ပါတယ်။

အထက်ပါကိစ္စနဲ့ ဆက်စပ်စဥ်းစားမိသွားကတော့ မန္တလေးမြို့ကြီးအကြောင်းပါ။ တစ်ခေတ်တစ်ခါကဆိုရင်ဖြင့် မန္တလေးမြို့ကြီးဆိုတာ စက်ဘီးမြို့တော်ကြီးဖြစ်ခဲ့ဖူးတယ်လို့ ကြားခဲ့ဖူးပါတယ်။ ရုံးဆင်း ရုံးတက်ချိန်ဆို လုပ်သားပြည်သူထုကြီးရဲ့ စက်ဘီးအုပ်ကြီးက လမ်းမတွေပေါ်မှာ အုပ်လိုက် အုပ်လိုက် သွားလာနေကြပုံမှာ သိပ်လှလို့ ပါးစပ်ပြောကြားဖူးပါတယ်။ နောက်ပြီး ဆရာကြီး ရွှေဥဒေါင်းရဲ့ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များစာအုပ်မှာလည်း မန္တလေးသားဆရာကြီးက သူ့ရဲ့ စက်ဘီးစီးဝါသနာအကြောင်းကို ထည့်ပြီးရေးထားဖူးလို့ ဖတ်ရပါတယ်။ ကျွန်တော်ကတော့ မန္တလေးသားမဟုတ်တော့ မန္တလေးက နာမည်ကြီး ရုံးတက်ရုံးဆင်း စက်ဘီးအုပ်ကြီးကို မမြင်တွေ့ခဲ့ရဖူးပါဘူး။ ကျွန်တော်မန္တလေးကို ရောက်ဖြစ်တဲ့ နှစ်များမှာတော့ မန္တလေးဟာ ဆိုင်ကယ်တွေ တဝီဝီဖြစ်နေပါပြီ။ ကျွန်တော့် တစ်ကိုယ်ရည်သဘောအရတော့ လောင်စာဆီသုံး ဆိုင်ကယ်တွေကို သဘောမတွေ့လှပါဘူး။ လောင်စာဆီသုံး ဆိုင်ကယ်ထက် လျှပ်စစ်ဆိုင်ကယ်တွေကို ပိုသဘောကျမိပါတယ်။

ကျွန်တော် စက်ဘီးအကြောင်းတွေ စာစရေးတော့ မိတ်ဆွေအပေါင်းအသင်းများက /“မင်းစက်ဘီးတွေက ရန်ကုန်လမ်းမတွေပေါ်မှာ စီးဖို့ခက်ခဲတယ်ကွလို့”/ မကြာခဏ လာလာပြောကြတာကြုံရပါတယ်။ သူတို့ပြောတော့အတိုင်း မဟုတ်ဘူးလားဆိုတော့လည်း ဟုတ်နေပြန်ပါတယ်။ ဒါဆို အဆင်ပြေစွာ စက်ဘီးစီးနိုင်ဖို့အတွက် ဘယ်အချက်တွေက သက်ဆိုင်နေပါသလဲလို့ မေးခွန်း ရှိလာပါတယ်။

အလွယ်စဥ်းစားမယ်ဆိုရင်တော့ စက်ဘီးတစ်စီးဝယ်စီးဖို့ ပိုက်ဆံ သုံးလေး သောင်းလောက်ရှိယုံနဲ့ စက်ဘီး စီလို့ ရနေတာပဲ ကိစ္စကို ဘာတွေများ ခက်ခဲနေရပါလဲပေါ့။ အဓိကကတော့ မြို့တည်ပုံအနေအထားပါတဲ့။ အကျယ်ကို ဖတ်ရှုတွေ့ရှိထားတာတွေထဲကနေ သင့်သလို တင်ပြပါရစေခင်ဗျာ။ တချို့အချက်တွေကတော့ မြို့တော်ကြီးကို အဆင့်မြှင့်တင်ရာမှာ ထည့်သွင်း စဥ်းစားဖို့အတွက်ဖြစ်ပြီး၊ တချို့အချက်များကတော့ သက်ရက်မှုရှိတယ်လို့ပဲ ဆိုလိုတဲ့ အချက်များသာဖြစ်ပါတယ်။ ပရိသတ်ကြီး ဆက်လက်ရှုစားကြပါခင်ဗျာ။

၁။ *မြို့တော်ဟာ စက်ဘီးတွေကို လက်သင့်ခံနိုင်ဖို့ သင့်လျော်တဲ့ လမ်းမများရှိရမယ်တဲ့။*
ဆိုလိုချင်တာကတာ့ စက်ဘီးစီးဖို့ / စက်ဘီးစီးနိုင်တဲ့ လမ်းမများ ရှိရမယ်လို သဘောရပါတယ်။ (ရင်နာနာနဲ့ ပြောစရာရှိလာတာကတော့ ကျွန်တော်တို့ ရန်ကုန်မှာ စက်ဘီးလမ်းမပြောနဲ့ လူသွားပလက်ဖေါင်းတောင် မရှိတဲ့ လမ်းတွေ ကျန်နေပါသေးတယ်။ ပလက်ဖေါင်းရှိတဲ့ လမ်းတိုင်းတောင် လူသွားပလက်ဖေါင်းမဟုတ်ပါဘူးဗျာ တချို့ ပလက်ဖေါင်းများက စျေးသည်များနှင့် ကားများရဲ့ ဝပ်ကျင်းများဖြစ်နေလို့ပါ။ တိုးပွားလာတဲ့ ကားအစီးရေတွေကြောင့်၂၀၁၆ နှစ်ကုန်ပိုင်းကစပြီး ဒီကိစ္စက သေလောက်အောင် ဆိုးလာပါတယ်။) လိုရင်းကို ဆက် ဆက်ရအောင်။

၂။ *စက်ဘီးစီးတာအဆင်ပြေဖို့ဆိုရင် စက်ဘီးရပ်ဖို့လည်း အဆင်ပြေဖို့ လိုပါတယ်တဲ့။* စနစ်တကျ သတ်မှတ်ထားတဲ့ နေရာများ ရှိသင့်ပါသတဲ့။

၃။ *ပိုပြီးအဆင်ပြေအာင်ဆိုရင် စက်ဘီအငှားဆိုင်စနစ်လည်းရှိသင့်ပါသတဲ့။*

၄။ *လူထုကို စက်ဘီးစီးခြင်းရဲ့ အခန်းကဣက မြို့တော်နဲ့ လူထုအပေါ် အကျိုးသက်ရောက်မှုဘယ်လောက်ရှိလဲဆိုတာကို လှုံ့ဆော်အသိပေးမှုတွေ လုပ်ပေးရမယ်တဲ့။*

၅။ ဒီလိုတွေပြောနေလို့ စက်ဘီးကြီ စွပ်စီးနေဖို့ပြောတာတော့မဟုတ်ပါဘူး။ *စက်ဘီးကို တခြား သွားလားဆက်သွယ်မှုတွေနဲ့ ရောနှောအသုံပြနိုင်အောင်လည်း မြို့တော်က ဖန်တီးထားပေးရမယ်လို့ဆိုပြန်ပါတယ်။* အဓိပ္ပါယ်ကတော့ ခရီးစဥ် အရှည်များကို အများပြည်သူသုံ ကားတွေ ရထားတွေနဲ့ နီစပ်ရာ မှတ်တိုင်အထိစီး၊ ရောက်ပြီဆိုရင် ကိုယ်ယူလာတဲ့ စက်ဘီးနဲ့ ဒါမှမဟုတ် စက်ဘီးအငှားဆိုင်က စက်ဘီးကိုစီးပြီး မိမိသွားလိုရာကို ဆက်သွားနိုင်ဖို့အတွက်ပါ။

၆။ *စက်ဘီးစီး training များလည်း ရှိသင့်ပါသတဲ့။* ဒီတစ်ချက်တော့ ကျွန်တော် သိပ်သဘောမတွေ့လှပေမဲ့ ထည့်ပေးလိုက်ပါတယ်။ ရှိရင် ပိုကောင်းမယ်လို့ ယူစလို့ပါ။

၇။ *မြို့ရဲ့ တည်ဆောက်ပုံ ကြောင့်ဖြစ်လာတဲ့ လူတွေရဲ့ နေ့စဥ်ဘဝသွားလာမှု အဓိကချက်ပွိုင့်များ တစ်ခုနဲ့တစ်ခုကြားအကွာအဝေးက စက်ဘီးစီးခြင်းကို သက်ရောက်ပါတယ်။*

ဒီနေရာမှာ ကျွန်တော့်အနေနဲ့ တစ်ခုပြောစရာ တစ်ခုရှိပါတယ်။ ဤအရေးအသားများရဲ့ အနောက်ခံအကြောင်းအရာတစ်ခုကတော့ ဆိုးရွားလာတဲ့ ရန်ကုန်မြို့ လမ်းပန်းဆက်သွယ်ရေး ပြဿနာများဖြစ်နေပါတယ်။ ထိုပြဿနာအတွက် အဖြစ်က အများပြည်သူသုံး သွားလာရေးစနစ်များ ပိုမိုမြန်ဆန် အဆင်ပြေလာစေရေးကအဖြစ်ဖြစ်ပါတယ်။ ထိုကိစ္စအတွက် ဆောင်ရွက်စရာနည်းလမ်းများမှာ ပိုမိုကြီးမားတဲ့ ကိစ္စသာဖြစ်ပြီး ယခုတင်ပြနေသော အကြောင်းအရာများသည် စက်ဘီးစီးခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများသာဖြစ်ပါသည်။ စက်ဘီးစီးခြင်းသည် အဖြေလို့ ရေလိုက်လွဲတွေးမိသွားမည်ဆိုးသောကြောင့်ပါ။
Utility Cycling နှုန်းမြင့်တဲ့ ဖွံဖြိုးပြီးနိုင်ငံတွေမှာဆို Utility Cyclist တွေက တိုတောင်းတဲ့ ခရီးတွေကို စက်ဘီးနဲ့ပဲ သွားတာများကြပါတယ်။ ၁၉၉၆ခုနှစ်က အိုင်ရစ်မှာကောက်ယူခဲ့တဲ့ စစ်တမ်းအရဆို ရုံးကို စက်ဘီးနဲ့သွားတဲ့ အလုပ်သမား ၅၅%ကျော်သည် တစ်နေ့ကို ၃မိုင်နီးနီး ခရီးလာက်နေ့စဥ်သွားကြပါသတဲ့။ ဒါကတော့ သူတို့အိမ်နဲ့ သူတို့အလုပ်ကိုသွားရတဲ့ အကွာအဝေးတို့နဲ့လည်း သက်ဆိုင်တာပေါ့နော်။

နောက်တစ်ခုက မြို့နေလူထုရဲ့ ကိုယ်ပိုင်ကား ပိုင်ဆိုင်မှုနှုန်းထားများကလည်း စက်ဘီးစီးသူအရေအတွက်အပေါ်ကို သက်ရောက်ပါတယ်။ မြို့နေလူထုရဲ့ ကားပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး တခြားနိုင်ငံတွေမှာ ဘယ်လိုရှိလဲဆိုတာကို သုံသပ်နိုင်အောင် ဖေါ်ပြပေးလိုက်ပါတယ်။ နယူးယောက်မြို့ကြီးမှာဆိုရင် အိမ်တိုင်းရဲ့ တစ်ဝက်လောက်ကပဲ ကိုပိုင်ကားကို အသုံးပြုကြပါတယ်။ Manhattan မြို့ကြီးမှာဆို အိမ်တိုင်းရဲ့ ၂၅%လောက်ကသာ ကိုယ်ပိုင်ကားကို အသုံးပြုပါသတဲ့။ [၁၁]

ဆက်လက်ကြိုးစားပါအုံးမည်
ရင်မောင်

References:

Grégory Vandenbulcke-Plasschaert, 2011. Spatial analysis of bicycle use and accident risks for cyclists. November 2011, 318 pages.
Putative source according to the 1995 Nationwide Personal Transportation Survey20160125-dsc_4079

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s