ကားပေါ်မှာက စာဖတ်ပြီးအေးအေးဆေးဆေးသွားလို့ရတဲ့ transportation system မျိုးလည်းမဟုတ်ဘူး။ အဲ့တော့ စက်ဘီးစီးမယ်ဆိုပြီးရွေးလိုက်တာ လို့ပြောတဲ့ အကိုတစ်ယောက်နဲ့ စကားစမြည်း။

IMG_8664.png

 

ရခိုင်မှာ ကျွန်တော်တို့ကအိမ်က မြို့နဲ့ နည်းနည်းဝေးတဲ့နေရာမှာ စက်ဘီးတွေဘာတွေစီးပြီး ကျောင်းကိုတောက်လေ ျှာ က်တက်ရတာ။ ရန်ကုန်ကို အလုပ်လုပ်ဖို့ ကျွန်တော် ၂၀၁၃ မှာပြောင်းလာတယ်။ ဒီမှာကြတော့ ကျွန်တော်က ကားပဲဆီးရတယ်။ ကားဆီးရတာ ဘယ်လိုမှသဘောမကျဘူး။ တိုးစီးရတာနဲ့ တောစီးရတာနဲ့ ။ ပြီးတော့ traffic နဲ့ဘာနဲ့ဆိုတော့ ကားပေါ်မှာ ပိတ်ပြီးတော့လောင်နေရတာလည်း ကျွန်တော်က မလိုချင်ဘူး။ ကားပေါ်မှာက စာဖတ်ပြီးအေးအေးဆေးဆေးသွားလို့ရတဲ့ transportation system မျိုးလည်းမဟုတ်ဘူး။ အဲ့တော့ စက်ဘီးစီးမယ်ဆိုပြီးရွေးလိုက်တာ။

ရန်ကုန်မှာ စက်ဘီးစပြီးစီမယ်ဆိုတုန်းက နည်းနည်းတော့ကြောက်တယ်။ ဒီမီးပွိုင့်တွေဘာတွေလည်း နားမလည်သေးဘူး။ စက်ဘီးဝယ်မှ စပြီးလေ့လာဖြစ်တယ်။ မီးပွိုင့်ကဘယ်လိုဖြစ်တယ်။ ဒီရန်ကုန်မြို့က ဒီမီးပွိုင့် system တွေ သိယုံလောက်နဲ့မရဘူး အထာလည်းသိဖို့လိုတယ်။ ဘယ်ကားကတော့ ဘယ်လိုသွားတတ်တာပေါ့။ ဒီကားကတော့ ငါ့ကိုကျော်တတ်ကြတော့မှာပဲဆိုပြီးတော့။ အထာလေးပေ့ါ ကိုယ့်ရဲ့ဆဠမအာရုံလေးသုံးပြီး စီးရတာပေါ့။

ကျွန်တော်က ကျောက်မြောင်းမှာနေတယ်။ အလုပ်က လမ်း(၅၀)မှာ။ ကားနဲ့သွားတုန်းက တစ်ကွေ့တစ်ပတ်ကြီးဖြစ်နေတယ် နာရီဝက်လောက်ကြာတယ်။ စက်ဘီးစီးနဲ့ဆို ဆယ့်ငါးမိနစ်လောက်ပဲ။ ကျွန်တော်တို့အလုပ်က တစ်နေကုန်ထိုင်ပြီးလုပ်ရတဲ့ အလုပ်ဆိုတော့ စက်ဘီးစီးတာက ကျန်းမာရေးလေ့ကျင့်ခန်းလည်းလုပ်ဖြစ်သွားတာပေါ့။ အသွား ၁၅မိနစ်၊ အပြန် ၁၅မိနစ် စက်ဘီးစီဖြစ်သွားတယ်။ ချွေးတော့ နည်းနည်းစို့တယ် ဒါပေမဲ့ အဲ့ဒါ အရမ်းနေပျော်တယ်။

ကျွန်တော်တို့က ကားပိတ်တာကို မလိုချင်လို့ စက်ဘီးစီးလိုက်တာကို။ ကားတွေပိတ်နေတဲ့အချိန်မှာ စက်ဘီးက ဘေးနားလေးက အသာလေးကျော်တက်သွားလို့ရတယ်။ ဒါပေမဲ့ ကားတွေက ဝုန်းဝုန်းဝုန်းဝုန်းနဲ့ သွားနေတဲ့ အခြေအနေမျိုးကျွန်တော်ကြုံဖူးတယ်။ အဲ့ဒါက သာကေတဘက်သွားတဲ့အခါမျိုးမှာ။ ကားမကျပ်တော့ဘူး။ ဒါပေမဲ့နောက်ကျောက ဘယ်လိုမှမလုံဘူး။ အနောက်က ဝုန်းဝုန်းဝုန်းဝုန်းနဲ့ ကျော်တက်နေတော့ ကိုယ်တစ်ချက်မှားရင်ပဲဖြစ်ဖြစ် သူတစ်ချက်မှားရင်ပဲဖြစ်ဖြစ် ကျွန်တော်တို့ပဲ တစ်ခုခုဖြစ်သွားမှာ။ ကျွန်တော်ရုံးပြန်တော့ ဘာလို့လမ်းကြားတွထဲရွေးလည်းဆိုတော့ အဲ့ဒီ့အချက်လည်းပါတယ်။

ကျွန်တော်စီးရင် လမ်းသွယ်လေးတွေကိုအဓိကထားစီးတယ်။ လမ်းမတွေကို တတ်နိုင်သမ ျှရှောင်တယ်။ လမ်းမတွေက ကားတွရှု့ပ်နေရင် အရင်ကအတိုင်းပဲ မီးခိုးတွေရှူရတာနဲ့ ဘာနဲ့ဆိုတော့ သဘောမကျဘူး။ နောက်ပြီး ဒီတိုင်း ဦးထုပ်တွေဘာတွေမပါဘဲ ဒီတိုင်းသွားမယ်ဆို သူတို့က ခန့်ချင်မှခန့်မှာ ဒါကြောင့် ဒါကြီးကအရမ်းလုံခြုံတယ်တော့မဟုတ်ပေမဲ့ ဒါစောင်းထားတော့ ဒီကောင်က စက်ဘီးကိုစည်ကမ်းရှိရှိစီးတယ်ဆိုတာမျိုးတော့ ဖြစ်တာပေါ့။

ကျွန်တော်က ကိုယ့်လမ်းကိုယ်သွားတာပဲ။ အရမ်းကြီး ကျော်တက်တာတို့ ကြားထဲဝင်တာတို့ မလုပ်ဘူး။ သူတို့ဆဲမှာဆိုတာ သိနေတာပဲ အဆဲတော့မခံဘူး။ နောက်ပြီးတော့ သူတို့ရဲ့ ပြောတာဆိုတာလည်း မခံချင်ဘူး။ ဖြစ်နိုင်ရင်တော့ ကားတွေကိုဝေးဝေးရှောင်တယ်။ ရပ်ကွက်ထဲမှာဆိုရင်တော့ ကျွန်တော် စက်ဘီးမစီးတော့ဘူး။ အဲ့အခါကြရင် ကျွန်တော်လမ်းလျှောက်လိုက်တယ်။

ညဘက်စီးဖို့အတွက်တော့ ကျွန်တော့စက်ဘီး မီးတွေဘာတွေတော့ သေခြာပြန်တက်ရမယ်။ အခု ကျွန်တော့ရဲ့ရောင်ပြန်တွေက နည်းသေးတယ်။ နောက်ပြီးတော့ bell တို့ဘာတို့ကြတော့ ကားတွေလောက် အသံမကျယ်တော့ ကျွန်တော့ဟာက ပျောက်ပျောက်သွားတယ်။ အဲ့ဒါတွေတော့ ပြန်လုပ်ရအုံးမယ်။

ကျွန်တော်တို့မော်ကွန်းမဂ္ဂဇင်းကလည်း ရန်ကုန်မှာ စက်ဘီးလမ်းတွေလုပ်လိုက်ရင် ဘယ်လိုဖြစ်လာမလဲဆိုပြီး စာရေးဖို့ဟာတွေလည်းရှိတယ်။ အဲ့မှာ အင်တာဗျူးတဲ့ဟာတွေမျိုးတွေပါမယ်။

စက်ဘီးစီးရတာတကယ်ကောင်းတယ်။ မစီးသေးတဲ့သူတွေကိုလည်း စီးကြည့်စေချင်တယ်။ အရမ်းစိတ်ချမ်းသာတယ် သွားရတာ ။ ကိုယ့်အားနဲ့ကို သွားရတဲ့အခါကြတော့ ကိုယ့်လမ်းကိုယ်သွားတယ်။ ကိုယ့်စက်ဘီးနဲ့ ကိုယ်သွားလိုက်ရင်ရောက်သွာရော။

၃၁၊ မတ် ၂၀၁၆

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s