ရန်ကုန်မှာ စက်ဘီးထားစရာနေရာအတွက်က ခက်ခဲတယ်ဆိုတဲ့အကြောင်းပြောပြတဲ့ ကျောက်မြောင်ထဲမှ အကိုတစ်ယောက်နဲ့ စကားစမြည်း။

DSCF0868

ရန်ကုန်မှာ စက်ဘီးစီးတာ အခက်အခဲရှိတယ်။ ရှိတယ်ဆိုတာ စက်ဘီးလမ်းတွေမှ မရှိတာ။ အရင်တုန်းကလည်း စက်ဘီးလမ်း တွေ မမြင်ဖူးပါဘူး။ စက်ဘီးကို စိတ်ဝင်စားတော့မှ ဟိုဟာလျှောက်ဖတ် ဒီဟာလျှောက်ဖတ် ဖတ်တာပေါ့။ အဲ့ဒါနဲ့ တစ်ခြားနိုင်ငံတွေဆို စက်ဘီးလမ်း တွေရှိတယ် သိလာတာပေါ့။

အရင်တုန်းက မသိပါဘူး ဒီလိုမျိုးပဲ စီးနေကြတာ။ နယ်မှကြတော့ စီးရတာ လွယ်တယ်လေ။ ဒါပေမဲ့ ရန်ကုန်မှာကြတော့ ကားတွေချည်းပဲဆိုတော့ ကားတွေကို ကိုယ်တွေကရှောင်နေရတာရယ်၊ ကိုယ်တွေကကားတွေကိုရှောင်နေရတာရယ်နဲ့ ပြဿနာ။

ပြီးတော့ ရန်ကုန် အစိုးရက ဆန်းကြယ်တယ်။ ဒီ ဘာမှ မထိခိုက်တဲ့ စက်ဘီးတွေကိုကြတော့ ရန်ကုန်မှာ တရားမဝင် ဖြစ်နေတယ်။ စဉ်းစားလို့မရဘူး။ တခြားနိုင်ငံတွေမှာက စက်ဘီးစီးဖို့ကို အစိုးရကပါ တိုက်တွန်းတာ။ ရုံးကို စက်ဘီးနဲ့လာရင် အပိုဆုကြေး ကဘယ်လောက်ပေးမယ်ဆိုတာမျိုးတွေလုပ်တာ။ တို့စီမှာကြတော့ စက်ဘီးကို တရားမဝင်ကြီးဖြစ်နေတာ။

အကိုကြီးှနှစ်ယောက်ရှိတယ်။ ကျောက်မြောင်းထဲက ဆံပင်ညှပ်ဆိုင်ဖွင့်ထားတယ်။ သူတို့နေတာက ကန်တော်ကြီးတာဝါမှာ။ သူတို့က စက်ဘီးနဲ့ သွားတယ် စက်ဘီးနဲ့ ပြန်တယ်။ သူတို့ကို ကြည့်ပြီးတော့ စက်ဘီးစီးချင်လာတယ်။ အဲ့အကိုကြီးနှစ်ယောက်က စီးတော့ ရန်ကုန်မှာလည်း အဆင်ပြေပါလားဆိုပြီးတွေးမိသွားတာ။ ပထမထဲက စက်ဘီးကစီးချင်တယ် ဒါပေမဲ့ ရန်ကုန်မှာ အဆင်ပြေမပြေ မသိဘူးလေ။

ဝယ်ထားတာမကြာသေးပါဘူး။ လေးလ ငါးလလောက်ပဲရှိသေတယ်။ အရင်ထဲက စက်ဘီးက စီးချင်တယ် ဒါပေမဲ့ ထားစရာနေရာမရှိလို့။ အခုက လက်ဘက်ရည်ဆိုင် တစ်ဆိုင်မှာ ပြောလို့ရတယ်။ ထားမယ်ဆိုတော့ ပေးထားတယ်။ အဲ့ဒါကြောင့် ဝယ်လိုက်တာ။

ရန်ကုန်မှာ စက်ဘီးစီးရတဲ့ အဓိကအခက်အခဲတစ်ခုကကတော့ စက်ဘီးထားတဲ့နေရာ။ ဘာဖြစ်လို့လဲဆိုတော့ အထပ်မြင့်မှာနေကြတာလေ။ အောက်က မြေပိုင်ရှင်တွေကလည်း အဲ့မော်တာရုံနားကို ပေးမထားဘူး။ အပေါ်ကို တင်သွားလို့လည်း မရဘူး။ ဘယ်လောက်ပဲ ပေါ့ပေါ့လေးလို့ဆိုလည်း အနည်းဆုံးတော့ လေး၊ ငါးပေါင်တော့ လေတာပဲ။ နေ့တိုင်းသယ်ပြီး အပေါ်တက်နေရတာ အထပ်မြင့်ဆို ပိုဆိုးတယ်။ အဲ့ဒါကမလွယ်ဘူး။ မြေညီထပ်မှာ မနေဘူးဆိုရင်တော့ အရင်ဆုံး စက်ဘီးထားဖို့နေရာရှာထားတာပိုကောင်းတယ်။ ပိုကောင်းတယ် မဟုတ်ဘူး။ ဒါက ရှာကို ရှာရမှာ။

မနက်တိုင်း မနက်တိုင်း ရုံးကို စက်ဘီးနဲ့လာတယ်။ ဘာလို့ စက်ဘီးစီးလဲဆိုတော့ ဘတ်စ်ကား မစီးချင်လို့။ ခြွေးတွေ သန်တွေလူးပြီးတော့ ရုံးသွားလိုက် ရုံးပြန်လိုက်။ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေ ရှူပြီးတော့ အဲ့လို မသွားချင်ဘူူး။ အဲ့ဒါကြောင့် စက်ဘီးစီးဖြစ်တာ။

အရင်တုန်းကဆိုရင် ဒီကျောက်မြောင်းကနေ မြို့ထဲတွေဘာတွေ သွားလို့ရှိရင် ကားစီးရတာ တစ်ပတ်ကြီးစီးရတယ်။ အခုက စက်ဘီးနဲ့ဆိုတော့ ကိုယ်တွေ ကြိုက်တဲ့လမ်းက ဒိုးလို့ရတယ်။

၂၃ ဖေဖေါ်ဝါရီ ၂၀၁၆

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s