အသက် ၂၀ ပြည့်မွေးနေ့မှာ ကောင်မလေးထံမှ စက်ဘီးလက်ဆောင်ရတဲ့ ကောင်လေးနဲ့စကားစမြည်း။

vlcsnap-2016-02-27-21h55m15s243အသက်အခုစီးနေတဲ့စက်ဘီး ကိုကျွန်တော့ ၂၀ ပြည့်မွေးနေ့မှာ ဝယ်ဖြစ်တာ။ ပြီးတော့ ဒီကောင်လေးကို သဘောလည်းကျတယ်။ ကျွန်တော်နဲ့လိုက်တယ်လို့ ခံစားရတယ်။ classic လည်းဖြစ်တယ်လို့ ခံစားရတယ်။ ဒီစက်ဘီးကို ကျွန်တော့်ကောင်မလေးဝယ်ပေးတယ်လို့လည်း ပြောလို့ရတယ်ဗျ။ ကျွန်တော့်ကောင်မလေးနဲ့ ကျွန်တော်နဲ့ ပထမဆုံးစပြီး ပိုင်ဆိုင်မှုတစ်ခုလိုမျိုးနဲ့ဝယ်ဖြစ်ခဲ့တယ်။

အဲ့နေ့ကတောတောနှံ့တယ်။ စက်ဘီးဝယ်တဲ့ စော်ဘွားကြီးကုန်းကနေပြီးတော့ အရင်ဆုံး ရှစ်မိုင်သွားတယ်။ ရှစ်မိုင်ကနေ ရန်ကင်းကိုသွားတယ်။ ရန်ကင်းကနေမှ သူနေတဲ့ ဆယ်မြောင်းဝန်းထဲသွားပြီးတဲ့အခါ ကျွန်တော့်အိမ်ရှိတဲ့ မြောက်ဥက္ကလာအထိကို တောက်လျှောက်ပြန်နင်းတာ။ အဲ့နေ့က မိုးတွေလည်း ရွာချတော့ မိုးရေထဲမှာ နင်းရတာပေါ့။ တော်တော် အမှတ်တရဖြစ်တယ်။ လုံးဝမပင်ပန်းဘူး။ ပထမဆုံး ပျော်ရွှင်မှု ပိုင်ဆိုင်မှုပဲ။ ကျွန်တော် စက်ဘီးစီးတဲ့သက်တမ်းမှာ အဲ့နေ့က စီးချိန်အကြာဆုံးပဲ။

ကျွန်တော်တို့ မြောက္ကဥလာမှာ တစ်ယောက်ရှိတယ်။ ကိုယ်ကာယအားကစားသမား။ အောင်နိုင်ဆွေဆိုလား အောင်ဆွေနိုင်ဆိုလား တစ်ခုခုပဲ။ သူဆိုလို့ရှိရင်လည်း အဲ့လိုပဲ စက်ဘီးတာကို သူတော်တော်လုပ်တယ်။ တန်ဖိုးကြီးတဲ့စက်ဘီးတွေဝယ်ပြီးသွင်းတယ်။ သူ့စက်ဘီးတွေကမိုက်တယ်ပေါ့တယ်ပေါ့။ ပြီးတော့ သူက စက်ဘီးကို dressing အပြည့်နဲ့စီးတယ်။ ဘာအတွက်လဲတော့ အဲ့တုန်းကမသိခဲ့ဘူး။ အဲ့တုန်းက စက်ဘီးစီး ဝတ်စုံကို ရီရတဲ့ဝတ်စုံ၊ ရှက်ဖို့ကောင်းတယ်ပေါ့နော်။ ရေကူးတာတို့ဆိုရင် အဲ့လို ဘောင်းဘီ တိုတိုတုတ်တုတ်လေးနဲ့ပေမဲ့ ဘာမှ မဖြစ်ဘူး။ သူ့ပတ်ဝန်းကျင်နဲ့သူ။ ဒါပေမဲ့ ဘောင်းဘီ အတိုအပြတ်၊ကိုယ်ကျပ်နဲ့ လမ်းပေါ်မှာ ပတ်ပြီး စက်ဘီးနင်းကတဲ့အခါကြတော့ သူ့ကိုကြည့်ပြီးတော့ရီချင်တယ်။ သူကခန္ဓာကိုယ်ကြီလည်းအကြီးကြီးဆိုတော့ ရှက်ဖို့ကောင်းတဲ့ ပုံစံတစ်ခုအနေနဲ့ မြင်ခဲ့တယ်။ ဒါပေမဲ့ အခုကြမှ တကယ်နင်းကြည့်တဲ့အခါကြတော့ စက်ဘီးစီးတဲ့ ဝတ်စုံနဲ့ စီးတဲ့ အခါကြမှပဲ comfort ဖြစ်မယ်ဆိုတဲ့ feel တစ်ခု ခံစားလာရတယ်ပေါ့နော်။ အဲ့လို အဲ့လိုမျိုးတော့ရှိတယ်။

အရင်တုန်းက မောင်းတိန်းဘီးလေးတစ်စီးရှိတယ်။ ခုနစ်တန်းလောက်မှာ စပြီးရတာ။ ကျွန်တော်တို့အိမ်မှာရှိတဲ့ မိန်းမစီးဘီးလးနဲ့ အဲ့မောင်းတိန်းဘီးနဲ့ကို မီးခွက်ဈေးမှာလားဘာလားမသိဘူး မှာ အလိုက်ပေးပြီးသွားလဲခဲ့တာ။ အဲ့ဘီးလေးက တော်တော်ဆင်ထားတာ။ ထိလိုက်လို့ရှိရင် မြည်တာတို့ သူခိုးမခိုးခံရအောင ်တပ်ထားတွေအများကြီးရှိတယ်။ ဒီမောင်းတိန်းဘီးလေးနဲ့ ကျောင်းတက်ဖြစ်တယ်။ စက်ဘီးနဲ့ ပုဆိုးဝတ်နဲ့ဆို အစဉ်မပြေတော့ အောက်ကဘောင်းဘီတိုတိုလေးနဲ့အမြဲကျောင်းသွားပြီး ကျောင်းရောက်မှ ပုဆိုးစွတ်ကတာပေါ့နော်။ ကျောင်းအပြန်ဆို အဲ့ဘီးလေးကနဲ့ ဘရိတ်ကိုညှစ်ပြီး ဖုန်သဲထူတွေထဲမှာ စလစ်ရိုက်တာ အမြဲလုပ်ဖြစ်တယ်။ ကျွန်တော် ဆယ်တန်းဘော်ဒါဆောင်သွားနေတော့ မစီဖြစ်တော့ဘူး။ ပြစ်ထားတာကြာတော့ စက်ဘီးက စီးလို့မရတော့ဘူး ပြန်ပြင်မှစီးလို့ရမှာပေါ့။ ကျွန်တော်လည်း ပြန်မပြင်ဖြစ်တော့ဘဲ နောက်တော့ ညီလေးရဲ့ သူငယ်ချင်း စက်ဘီးမဝယ်နိုင်တဲ့ကောင်လေးကို ပေးလိုက်တယ်။ သူ့အဖေက ဆိုက်ကားနင်းတော့ စက်ဘီးတွေ ဘာတွေပြင်တတ်တယ်။ အဲ့ဒါနဲ့ သူကို ပေးလိုက်တယ်။

ဆယ်တန်းပြီးထဲ စက်ဘီးမစီးဖြစ်ပါဘူး။ စက်ဘီးစီးဖို့ကို လည်းမေ့နေတယ်။ အခုအလုပ်လုပ်တော့မှ စက်ဘီးစီးဖို့ကို ပြန်စိတ်ကူးရတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်ကမြောက်ဥက္ကလာမှာနေတာ ရုံးတက်ရတာကတာမွေမှာ။ ပြီးတော့ ဒီကာလာမှာ ကုန်းကျော်တံတားတွေဆောက်တာကြောင့် လမ်းပိတ်တာတွေကပိုဖြစ်တော့ ရုံးသွားရုံးပြန်ဆို ဘတ်စကားပေါ်မှာကိုပဲ တော်တော်အချိန်ကုန်သွားတယ်။ လမ်းမှာ တချို့နှစ်မှတ်တိုင် သုံးမှတ်တိုင် နေရာတွေတောင်မှ လိုင်းကားစီးသွားရတာအတော်ကြာတယ်။ လိုင်းကာပေါ်မှာကြတော့လည်း အဆင်မပြေတာတွေကလည်းရှိတယ်။ ဘယ်လိုလဲ သူများနဲ့ ပြောဆိုဆက်ဆံရတာ အကြွေကိစ္စဘာညာနဲ့။

အဲ့ဒါနဲ့ စက်ဘီးကို ရွေးလိုက်တော့ ပြီးတော့ ကိုဇွဲပြည့်ကလည်း ဒီစက်ဘီးစီးဖို့ကို အားပေးတော့ အဲ့ဒါနဲ့ လိုက်လုပ်ဖြစ်သွားတာ။ ရုံးသွားရုံးပြန် စက်ဘီးနဲ့ သွားဖြစ်သွားတယ်။ အရင်ထက်အချိန်ပိုသက်သာတယ်။ ဒါပေမဲ့အသေနင်းရတယ်။ ကိုယ့်အချိန်ကိုယ်ပိုင်တယ်လို့ ခံစားရတယ်။ အရင်တုန်းကဆို သူငယ်ချင်းတွေအိမ်လည်ပြီဆို ရှစ်နာရီလောက်ဆိုပြန်ရပြီ။ စက်ဘီးဝယ်ပြီးတော့ ဆယ်နာရီလောက်မှပြန်ဖြစ်တော့တယ်။ ကိုယ့်အားကိုကိုးဖြစ်သွားတယ်။ ပြီးတော့ ဘတ်စကားစီးနေရာကနေ စက်ဘီးစီးဖြစ်တဲ့အခါ အတော်လွတ်လပ်တယ်လို့ ခံစားရတယ်။ အဲ့လိုနဲ့ စီးဖြစ်သွားတယ်ပေါ့။ တကယ်လို့ တက္ကသိုလ်တက်တုန်းကသာ အဲ့စိတ်ကူးရခဲ့ရင် ကျောင်းကို စက်ဘီးနဲ့ပဲတက်တယ်။ အဲ့တုန်းက ကကားတိုးစီးခဲ့ရတတာ အရမ်းပင်ပန်းတယ်။ ဒါပေမယ့် ရန်ကုန်မှာ စက်ဘီးစီးရတာ ခက်ခဲတဲ့အပိုင်းလေးတွေရှိတယ်။

စက်ဘီးစီးရတာ ကျွန်တော့်အတွက်ဆိုရင်တော့ physically အရမခက်ခဲဘူး။ ကျွန်တော်စီးနိုင်တယ် နင်းနိုင်တယ်။ ကျွန်တော် တစ်နာရီခွဲလောက်အထိ ကျွန်တော် အေးအေးဆေးဆေးနင်းနိုင်တယ်။ ဒါပေမဲ့ safety အတွက်ကြတော့ ကျွန်တော့်အတွက် ခက်ခဲတယ်။ safety ပိုင်းမှာ ကိုယ့်ကိုကိုယ် စိတ်မချဘူး။ အခုဆို ဒီစက်ဘီးကို အိမ်ကို ပြန်မသယ်ဘဲနဲ့ ရုံးမှာထားခဲ့တာတောင်မှ တစ်ပတ်ကျော် နှစ်ပတ်လောက်ရှိပြီ။ အဓိက အိမ်ကို ပြန်နင်းတဲ့လမ်းကို မနင်းတာကြာလို့ ကိုယ့်ကိုကိုယ် confidence မရှိတော့ မနင်းဖြစ်တော့ဘူး။ အဲ့လို ခက်ခဲတဲ့အပိုင်းကတော့ ကားတွေက မညှာတဲ့အပိုင်းက တော်တော်ခက်ခဲတယ်။ အိမ်ကနေ ရုံးကို လာတဲ့ခရီးက လှမ်းလွန်းတယ်။ အဲ့အခါကြတော့ နည်းနည်း စောစောထပြီး ကားပဲစီးဖို့ကြိုးစားတော့မယ်လို့တွေးထားတယ်။ ဒါပေမဲ့ ရုံးကနေပြီးတော့ ဆင်ကဲ့သွားလို့ရတဲ့နေရာတွေ ဥပမာ- မြေနီကုန်းတို့၊ ရန်ကင်းတို့ သွားဖို့အတွက် ဈေးပေါတဲ့စက်ဘီးတစ်စီးကို ရုံမှာအထိုင်အဖြစ်ဝယ်ထားမယ်။ နဂိုဝယ်ပြီးသားစက်ဘီးကို အိမ်နဲ့နီးတဲ့ မြောက်ဒဂုံတို့ ခြောက်ကွေ့တို့ အစရှိတဲ့နေရာတွေသွားမယ်။ ဘာလို့ဆို စက်ဘီစီးရတာ ကျွန်တော်ကြိုက်နေပြီလေ။

၂၃၊ ဖေဖေါ်ဝါရီ ၂၀၁၆

Advertisements

One thought on “အသက် ၂၀ ပြည့်မွေးနေ့မှာ ကောင်မလေးထံမှ စက်ဘီးလက်ဆောင်ရတဲ့ ကောင်လေးနဲ့စကားစမြည်း။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s