#STORY

DSCF0952

အရင်က ၈၈လောက်တုန်းက စက်ဘီးတွေကို လူတိုင်းလိုလိုစီးကြတာ။ အခုဟာကကြတော့ ကားတွေအရမ်းများသွားတော့။ စက်ဘီးစီးဖို့မလွယ်တော့ဘူး။ နောက်ပြီးတော့ ရန်ကုန်မြို့မှာ စက်ဘီးမစီးရတဲ့ လမ်းတွေရှိတယ်လေ။ ဦးဝိစာရလမ်းမစီးရဘူး။ ပြည်လမ်းမစီးရဘူး။

အမတို့ကနေတော့ မြေနီကုန်း။ ကြားထဲရောက်နေတယ်လေ။ ခပ်လှမ်းလှမ်းသွားဖို့ဆိုခက်သွားပြီ။ အခုတော့ နည်းနည်း pass ပေးလို့။ သူတော့(ယာကျာ်းကိုညွှန်းလျက်) တစ်ခါတစ်လေစီးတယ်။ အမတို့ကြတော့ မစီးဖြစ်တော့ဘူး။

လမ်းတွေက အန္တရာယ်များတယ်။ ကလေးတောင် အန်တီတို့ ဒီထဲမှာမို့ ပေးစီးတာ။ သူ့စည်းကမ်းတွေကလည်း ရှိတယ်လေ။ အဲ့ စီးတဲ့ပုံစံကို လူကြီးတွေတောင် သိပ်နားမလည်ကြဘူး။

သူငယ်တန်းကျေင်းပိတ်ပြီးတော့လားမသိဘူး။ စစီးတာ။ အရင်ကတော့ ရပ်ကွက်ထဲပဲ ကားနည်းနည်းရှင်းတဲ့နေရာလေးမှာ သူ့ကို အရင်ဆုံးသင်ရတာ။ သင်ပြီး စီးတတ်သွားတော့ အခုတော့ ဒီဟာလေး ပြန်ဖွင့်တော့ ဒီဘက်ကိုလာစီးကြတာပေါ့။ ပန်းခြံမှာပဲစီးတယ်။ အပြင်မှာက ဒီမှာ ကားရှုပ်လို့။ (အာဇာနည်ကုန်းနေရာရှိပန်းခြံကို အများပြည်သူများအတွက်ပြန်ဖွင့်ပေးထားသည်။)

သူ့(သားလေးကိုညွှန်းလျက်) အရွယ်တွေ အခုနောက်ပိုင်းကလေးတွေ စက်ဘီးသိပ်မစီးတတ်ကြတော့ဘူး။

၄၊ ဇန်နဝါရီ ၂၀၁၆

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s