အားတဲ့အချိန်မှာ စက်ဘီးတစ်စီးနဲ့ လျှောက်သွားနေတဲ့ ကဗျာဆရာနဲ့ စကားစမြည်း။

DSCF0520

ရန်ကုန်မှာစီးတာတော့သိပ်မကြာသေးဘူး။ အရင်တုန်းက နယ်မှာတော့ စီးဖြစ်နေတာပေါ့။ စက်ဘီးကို တအားကြီး စီးတဲ့အဆင့်တော့ မဟုတ်ပါဘူး။ ခုကဒီမှာဘာဖြစ်နေလဲဆိုတော့ bus-car တွေကလည်း တအားကျပ်တယ်လေ။ အဆင်မပြေဘူး။ စက်ဘီးကအများကြီးအဆင်ပြေပါတယ်။ ဘယ်လိုပြောရမလဲဆိုတော့ ရန်ကုန်မြို့ထဲက တကယ်တမ်းတရားဝင်တော့မဟုတ်ဘူး။ ဒါပေမဲ့လည်း ဟုတ်ဟုတ်မဟုတ်ဟုတ် ပေါ့ပေါ့ပါးပါးလေးနဲ့ လူလည်းသိပ်ဒုက္ခမပေးဘူးလေ။ တခြားလူတွေကိုလည်း ဒုက္ခမပေးဘူး ဆိုတော့ စီးရတာအိုကေတယ်။
အခု လင့်စဒေါင်းကနေပြီးတော့ ကုက္ကိုင်းတို့ဘာတို့ အဲ့လိုလျှောက်ပြီးတော့သွားတာပေါ့။ မြို့ထဲတော့ စက်ဘီးနဲ့ပဲလစ်နေတယ်။ အရင်တုန်းကတော့ တော်တော်စွဲစွဲမြဲမြဲစီးဖြစ်တာ။ မော်လမြိုင်မှာနေတုန်းကတော့ စက်ဘီးလေးတစ်စီးရှိတယ်။ ပြိုင်ဘီး။ ကျောင်းတက်တာတွေကအစ စက်ဘီးနဲ့သွားဖြစ်တယ် အဲ့တုန်းကပေါ့။ ကျောင်းနဲ့ အိမ်နဲ့က ၁၀မိုင်ကျော်လောက်ရှိတယ်။ စက်ဘီးနဲ့ပဲလစ်တာ။ အဲ့လိုပဲပေါ့ စောစောနင်း။ ပြန်ရင်အဲ့စက်ဘီးနဲ့ပဲပေါ့။ ရန်ကုန်ရောက်တဲ့အထိ အဲ့စက်ဘီးလေးသယ်လာသေးတယ်။ အဲ့စက်ဘီးလေးက မရောင်းရက်လို့ဆိုပြီး သယ်လာတာ။ ရန်ကုန်မှာ အခိုးခံရတယ်။ အဲ့လိုမျိုးတွေ။

အရင်က ညီလေးတစ်ယောက်ရှိတယ်။ ဒီကောက်က တောင်ဒဂုံကနေ စမ်းချောင်းအထိ စက်ဘီးနဲ့လာလာနေတာ။ အခုတော့ ဒီကောင်မစီးဖြစ်တော့ဘူး။ အဲ့တုန်းကတော့ အဲ့ကောင်က စီးစီးလာတာ မင်းဝေးလှချည်လားလို့။ မဟုတ်ဘူးတဲ့ အဲ့တာကျွန်တော် သဘောကျလို့တဲ့။ အဲ့တုန်းက အဲ့ကောင် စက်ဘီးတော်တော်စီးဖြစ်တယ်။
စက်ဘီးစီးတာကိုတော့ စိတ်ထဲမှာ သဘောကျတယ်။ စက်ဘီးတော့ ဟုတ်ဟုတ်မဟုတ်ဟုတ်တော့ ပြန်ပြီး စီးအုံးမယ်လို့။ အဲ့လိုနဲ့စီးဖြစ်သွားတာ။

ကဗျာရေးပါတယ်။ အဲ့လိုရေးတော့ရေးဖြစ်တယ် press ပေါ်လည်းရေးဖြစ်တယ်။ ဖတ်ဖူးမလားဆိုတော့ နာမည်ကြီးတော့မဟုတ်ပါဘူး ဒီလိုပဲရေးဖြစ်နေတာ။ လင်းသဏ်ညီပါ။ Solo လေးတစ်အုပ်လောက်ကတော့ ၂၀၁၄ လောက်ကထုတ်ထားတယ်။ သူငယ်ချင်းတွေနဲ့ ထုတ်ထားတာတွေတော့ရှိတယ်။

၂၆၊ ဒီဇင်ဘာ ၂၀၁၅

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s